ချစ်တယ်..၂..

Saturday, November 14, 2009

မင်းအတွက် အသက်ရှင်နေခြင်း မဟုတ်ပေမယ့်
မင်းနဲ့ဝေးနေတဲ့အချိန်တွေမှာ ငါ အသက်ရှူမ၀ဘူးချစ်သူ
ငါလက်ခံထားတဲ့ အမှန်တရားက
လောကကြီးနဲ့ ဆန့်ကျင်နေရင်တောင်
မင်းနဲ့တော့ထပ်တူကျနေတယ်
မင်းမရှိလည်းဖြစ်ပေမယ့်
ပုံမှန်တော့ မဟုတ်တာ သေချာတယ်
ငါဘ၀မှာ မင်းက အချစ်ဆုံး မို့
နောက်ထပ်မရှိနိုင်တော့တာ ငါကတိစကားပါ
ငါ့မနက်ဖြန်
ငါ့အနာဂတ်
ငါ့ဘ၀ ထဲမှာမင်းကိုရှိနေစေချင်တာ
ငါ့အချစ် မဟုတ်ရင်
ဒီဘ၀မှာ ငါအထီးကျန်မှာ သေချာသွားပြီ
ငါချစ်သလောက် မင်းပြန်မချစ်ရင်တောင်
မင်း အမြဲသတိရတတ်တဲ့ငါတော့ ဖြစ်ပါရစေ
ငါချစ်တဲ့မင်းကို
ငါချစ်သလောက်ဖွင့်မပြောပြတတ်တာကိုဘဲ ဒေါသထွက်မိပါတယ်


???

Tuesday, November 10, 2009

ပါးပါးလေးချစ်ပြီး ပေါ့ပေါ့လေးခံစား
အများကြီးချစ်ပြီး လေးလေးနက်နက်တွေးရင်
မကျေနပ်မှုတွေများလာမယ်
အတ္တတွေကြီးလာမယ်
သ၀န်တိုတာတွေ ရှိလာမှာပေါ့
မသေချာခြင်းများစွာကို သိနေရက်နဲ့
သေချာချင်မှတော့ သေသင့်တယ်
မင်း ...ငါ..
ဘယ်သူမှရှိမနေလည်း
ကမ္ဘာကြီး ၂၃ ၁/၂ ဒီဂရီတိမ်းစောင်းပြီးလည်ပတ်နေစမြဲ ဆိုတာကို
ဘာ့ကြောင့်များမေ့ချင်မိတာလဲ
ပိုခံစား ပိုစိတ်ကူးမိမှတော့
ပိုပြီးရူးသွပ်ရတာ မဆန်းပါဘူးလေ
စမ်းသပ်ပြီး လဲကျ မိတာ
ပြန်ထဖို့  တော်တော်ကြိုးစားရတော့မယ်
ကောင်မလေးရေ
ရာဇ၀င်ထဲက အလှနတ်သမီးတွေ လို စွဲမက် စရာအလှတရား
ဘာမှ မင်းမှာ မရှိပါဘဲနဲ့
ငါစွဲလမ်းမိနေသေးတာ ၀န်ခံပါတယ်
သူများနဲ့ မတူတဲ့ မင်းရဲ့ပွင့်လင်းမှုက လည်း
ငါသတိထားမိတဲ့ အချက်တစ်ခုပေါ့
ငါသိချင်တာ တစ်ခုထဲပါ
ငါမရှိတဲ့ မင်းရင် ထဲမှာ ဘယ်သူရှိလဲ
ဘယ်သူရှိခဲ့လဲ
ဘာတွေဖြစ်ခဲ့လဲ
?????????
??????
???????????????????????????????????????????
ငါ့လိုတွေဘဲလား
????


...................

Monday, November 9, 2009


ငါ့ခံစားမှု ငါ့ အချစ်ဆိုတာ မင်းနဲ့တွေ့ မှ တကယ်သေဆုံးသွားခဲ့ပြီချစ်သူ
ငါ့သံသယ ငါ့အတွေး တွေကို ပွင့်လင်းစွာ ၀န်ခံခဲ့တဲ့မင်းကို ကျေးဇူးပါ
လှောင်ရယ်နေမယ့် မင်းကို ကျေနပ်စွာခွင့်ပြုခဲ့ပြီးသားပါ
ငါ့ချစ်တဲ့မင်း က ငါ့တစ်ယောက် ထဲကိုဘဲပြန်ချစ်စေချင်တဲ့ င့ါကို
အတ္တ ကြီးတယ်လို့ မင်းပြောရင် ဒီလောက မှာ အတ္တမကြီးတဲ့သူ မရှိနိုင်တော့ဘူး..
ဝေါဟာရ တစ်ခုကို နှစ်ယောက်ပူးတွဲ ယူရမယ်ဆိုရင်တော့
မင်းခေါ်ဆိုမယ့် အဲဒီ ဝေါဟာရ
ငါမဟုတ်တဲ့ သူကို ဘဲအပြီးပိုင် ခေါ်လိုက်ပါတော့
ငါ့ ဘ၀ ငါ့သမိုင်းမှာ မင်းရှိနေဦးမှာသေချာပေမယ့် မင်သိဖို့ တော့ မလိုအပ်တော့ဘူးလေ
ငါ ပါဝင်တဲ့ ဒီလောကကြီးမှာ ငါလိုချင်တဲ့ အရာ ဆိုတာ မရှိတော့ဘူး
ငါ့အံ့သြမိတာက မစဉ်းစား မဆုံးဖြတ်ရသေးတဲ့
မင်းပါစပ်က ချစ်တယ်လို့ ခနခန ပြောထွက်တာကိုပါ
မင်းကို ပြောထွက် မယ့် စကားလုံး တွေက ငါ့ရင်ထဲမှာဘဲ ထိုးစိုက်နေတာ ခက်တယ်
အနာဂတ်ဆို မနက်ဖြန်ကိုတောင် မေ့ထားတတ် တဲ့ငါ
ရှားရှားပါးပါးတွေးဖြစ်ခဲ့တဲ့ ငါ့မနက်ဖြန်တိုင်းမှာ မင်းရှိနေခဲ့တယ်
မင်းလှောင်ရယ်ဖို့ အတွက် ငါ့ အိပ်မက်တွေ ကို ချပြခဲ့ ပါသေးတယ်
ငါ့မရှိလည်း ကမ္ဘာကြီး လည်ပတ်နေဦးမှာဘဲ ဆိုတာကို
သတိမထားခဲ့ဘူးတဲ့ငါပါ
ဘယ်လောက်ချစ်လဲဆိုတာက
တကယ်တမ်း စွန့်လွှတ်ရတော့ မယ် ဆိုမှ သိရတာလေ

နောင်တ ဆိုတာ နောင်မှရတတ်တာ ဆိုပေမယ့်
တကယ်တော့ ငါက ကြိုတင် ရနေခဲ့တဲ့ သူပါ


လဲကျရင် အရည်ပျော်မယ် မှန်းသိရက်နဲ့
လှဲချ အရည်ဖျော်ကြည့်ခဲ့တာ
ပြန်ဆက်ဖို့ လုံလောက်တဲ့ အချိန်တွေ ယူရတော့မှာပေါ့
.......


အထီးကျန်ဝေဒနာ

Sunday, October 25, 2009

အချစ်ဆိုတာဘာလဲ.......?
အချစ်ရဲ့ နောက်ကွယ် တစ်နေရာက လွမ်းဆွေးမှုဆိုတာဘာလဲ...?
လွမ်းဆွေးမှုရဲ့ နောက်ကွယ်တစ်နေရာက တမ်းတမှုဆိုတာကရော ဘာလဲ.....?
ဒါတွေ ကိုငါမစဉ်းစားချင်ပေမယ့်
မင်းမရှိတဲ့ အချိန်မှာ ငါ့နှလုံးသားကို ရိုက်ခတ်ဆွေးမြေ့စေတာ
အထီးကျန်ဝေဒနာလို့ များခေါ်လေမလား...?
...........................................................................




မင်းမရှိရင် မဖြစ်ဘူး
မတွေ့ ရရင် မနေနိုင်ပါဘူးလို့ ပြောရင်
''မင်းအရင်ဖြတ်သန်းခဲ့ဖူးတဲ့ ၂၂ နှစ်သောကာလ များမှာ
ဘယ်လိုနေခဲ့လဲလို့တော့ မမေးလိုက်လေနဲ့ ကောင်မလေးရေ''

ခပ်ပါးပါး ခပ်ပေါ့ပေါ့ ချစ်တတ်တဲ့ ငါ့အကျင့်တွေ ပျက်သုန်းခဲ့တာ
လှည့်မကြည့်တတ်တဲ့ ငါ အကြိမ်ကြိမ် နောက်လှည့်မိခဲ့တာ
ယူခဲ့ဖူးသမျှ အနိုင်းအားလုံးနဲ့ အတူ မင်းရှေ့မှာဒူးထောက်ခဲ့ပါတယ်
မင်းပြောခဲ့တဲ့ စကားတခွန်းအတွက်ပဲ
ယူကြုံးမရဖြစ်မိတာပါ
ရိုးရိုးလေးကြေကွဲချင်တဲ့ငါကို တသက်တာမေ့မရတဲ့ စကားလက်ဆောင် တောင်ပေးခဲ့သေးတဲ့
ကောင်မလေးရေ...
မင်းငါ့ကို ပြောခဲ့ဖူးတဲ့စကား
တခြား တစ်ယောက်ကို ပြောတဲ့ အချိန် ငါ့ကို ဟာသအဖြစ်တော့ သတိမရပါနဲ့
....

အိပ်မက်

Tuesday, October 20, 2009



မမျှော်လင့်ရဲ မျှော်လင့်ရဲနဲ့
စိုးတထိတ်ထိတ်ဘ၀နေ့ရက်တွေကို
အဆုံးသတ်ချင်ပေမယ့်
ခပ်ပါးပါးလေးတော့ ရှိနေသေးတယ်
ကောင်မလေးရယ်
တကယ်ဆို အဆုံးစမရှိ စကြာဝဠာထဲလွင့်မျောလို့ 
တိမ်တွေကိုစီးပြီး လေနှင်ရာလွင့်ချင်ခဲ့တာ
ဒါပေမယ့်
မင်းရဲ့ အလျှော့ အတင်းတွေ နဲ့  မင်းစေနှင်ရာလွင့်ခဲ့ရတဲ့
စွန်တကောင်ဘဲ ဖြစ်ခဲ့ရသူ..ပေါ့

အိပ်မက်မှန်းသိရဲ့နဲ့တောင်
ငါ့ နှလုံးသားမှာ မင်းပုံရိပ်
ငါ့ နားထဲမှာမင်းရဲ့ အသံ
ငါ့ ဘ၀ ငါ့အနာဂတ်အားလုံးဟာ
မင်းရဲ့ကမ္ဘာဖြစ်စေရမယ်လို့
အတွေးတွေ နယ်ချဲ့ခဲ့ဖူးတယ်
နောက်ဆုံးတော့လည်း
အိပ်မက်က အိပ်မက်ပါဘဲလေ
အိပ်မက် ဆိုတာ
မနိုးထခင်ကာလ သာယာနေတုန်းခနမှာ
ကွာဟ မှုတွေ မသိပသာဒဖြစ်မှုတွေ သာရှိပြီး
ပကတိ လက်ရှိဘ၀ရဲ့ အသေးငယ်ဆုံးသောတစ်စိတ်တစ်ဒေသလေးတစ်ခုပါ




လှောင်နေတော့ ချစ်သူရေ

Tuesday, October 13, 2009

မစွဲလန်းချင်ဘဲ..စွဲလန်းခဲ့ရတဲ့အဖြစ်
အချစ်လား လို့ ငါမစဉ်းစားချင်ဘူး
တမင်လုပ်နေမှန်းသိနေလျက်နဲ့ 
မတော်တဆ ဖြစ်မှာပါလို့ 
မဖြေသိမ့်ချင်ဘူး
တကယ်တော့
ငါက မပိရိတဲ့မင်းထောင်ချောက်တွေ ထဲမှာ
မလှမပ ကျဆုံးခဲ့သူပေါ့
မင်းရည်ရွယ်ချက်ငါမသိရပေမယ့်
မင်းရင်းနှီးတဲ့ အရင်းနှီးတွေ အတွက်တော့ သနားတယ်
ငါကမင်းကိုမြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားချင်ခဲ့တာ..
ငါ့အတ္တတွေ ကြောင့်ငါမှားသွားခဲ့တယ်ချစ်သူ..
ငါ့အမှားတွေ ကိုသိရက်နဲ့ 
လိုက်မှားချင်းတဲ့မင်းကိုနားမလည်ဘူး
မင်းနဲ့ ပတ်သက်တဲ့ခံစားမှုတိုင်းမှာ
မင်းကိုပြောခဲ့သမျှစကားတွေ တိုင်းမှာ
ငါ ....မာယာတွေ ကင်းခဲ့ပါတယ်
င့ါ စကားတွေ မင်းမယုံလို့ 
မင်း အပေါ် ငါသံသယတွေ ရှိနေခဲ့တာ
သဘာဝကျပါတယ်
နောက်လှည့်မကြည့်တတ်တဲငါ
ခဏခဏ နောက်လှည့်ကြည့်မိတာ
ဘာအတွက်လဲ...မစဉ်းစားချင်ဘူး..............
မကျေနပ်ပေမယ့် သေမတတ်ရူးသွပ်ခဲ့တာ
ငါဝန်မခံချင်ဘူး....
ဒါပေမယ့် မင်းသိနေတော့
လှောင်နေလိုက်တော့ချစ်သူရေ..........

ဆက်ချစ်မှာဘဲ...

Monday, October 5, 2009

မင်းကိုယ်တိုင်နာကျင်အောင်လုပ်ပြီး
နာနေလားလို့ မေးတတ် တဲ့
မင်းရဲ့ ကရုဏာတွေအတွက် ကျေးဇူးပါ ချစ်သူ
ငါမကြိုက်တာတွေကို လုပ်ပြီး
ငါ့ကိုပြန်ပြောပြတတ်တာ က
မင်းရဲ့ ပွင့်လင်းမှုလား
ဒါမှမဟုတ်
ငါအောင့်သက်သက်နဲ့ ပေါက်ကွဲနေတာကို
မင်းကသဘောကျတာလား

တကယ်ဆို ငါ့ကိုမချစ်တဲ့ မင်းဆီက
မချစ်ပါဘူး လို့  ၀န်ခံတာကို ဘဲငါကပိုတောင့်တမိတာပါ
ချစ်ပါတယ် လို့ ပြောပြီး လုပ်ချင်ရာလုပ် ပြနေတဲ့
မင်းကို ငါကဘယ်လိုနားလည်ပေးရမလဲ..
ငါမရှိမှန်းသိတဲ့ မင်းရင်ထဲမှာ
ဘာရှိလဲ ဘယ်သူရှိလဲ ဆိုတာတော့ သိချင်မိတယ်
အချစ်ဆိုတာ.. ချစ်မိသူက အရှုံးဘဲလေ
မင်းငါ့ကိုဘယ်လောက်ပဲ အနိုင်ယူယူ..
ငါကတော့...
ဆက်ချစ်နေမှာဘဲ.......






ငါ...ဘယ်သူလဲ.......

Sunday, October 4, 2009

အရာအားလုံးကို သိနေတဲ့
ငါက ဘာကို မှ ထပ်ပြီးသိဖို့ မလိုအပ်ဖူးလေ
ငါမင်းကို ချစ်ပါတယ် လို့
အကြိမ်ပေါင်းများစွာပြောမှ မင်းက ယုံမတဲ့လား
ငါသိထားတဲ့ မင်က
ငါဘယ်လောက်မင်းကို ချစ်တယ်ဆိုတာကို
မေ့ပစ်ခဲ့တဲ့ အတွက် ပဲ
ယူကြုံး မရ ဖြစ်မိတာပါ
ငါမင်းကို ချစ် မိလို့ နောင် တ ဆိုတာ
ငါ့ ဘ၀ မှာ ဘယ်တော့ မှ ရှိလာမှာမဟုတ်သလို
ငါဘယ်တော့ မှ မင်းကို အပြစ် တင် မှာ မဟုတ်ဖူးးးးးးး
မင်းပေးခဲ့ တဲ့ ဥပေက္ခာတွေကို စားသုံးပြီး
ကြီးပြင်းလာခဲ့တဲ့ ငါ့ကိုငါဘဲ အပြစ်တင်မိပါတယ်
ငါ့ကို မချစ် တဲ့ မင်းကို ငါက အရမ်းချစ်တယ်.........
မင်းကိုယ်တိုင် ငါ့ကို သမုတ် ပေးနိုင်ပါတယ်
ငါကဘယ်သူလဲဆိုတာကိုပေါ့






ချစ်တယ်...........

အကြိမ်ကြိမ် ကျရှုံးခဲ့တာကိုတောင်...
အမှတ်မရှိသေးတဲ့ ငါ့ကိုငါ ..
သတ်ပစ်ချင်တယ်.........
မချိုမြိန်မှန်းသိပါလျက်နဲ့ ..
မင်းချကျွေးတဲ့မာယာတွေကို...
စားသုံးပြီးရှင်သန်ချင်တဲ့ ...
ငါ့ကိုယ်ငါ မုန်းတယ်.........
မရေရာမှန်းသိနေပါလျက်.......
လေလှိုင်းကြားမှာသေချာချင်နေမိတဲ့...
ငါ့အဖြစ်က ရယ်စရာမဟုတ်ရင်.........
ဘယ်ဟာက ရယ်စရာဖြစ်ဦးမှာလဲ.........
မင်းရယ်နေလိုက်ပါ ချစ်သူ..
မင်းက လှောင်ရယ် နေရင် တောင်..
ငါက အပြစ်မမြင်ဘဲ ချစ်ချင်နေသေးတာ...
အဆုံးသတ်ထိ မမုန်းရက်နိုင်တာ...
ငါမင်းကို သိပ်ချစ်လို့ ပေါ့..........
အဆုံး မသတ်နိုင်တဲ့
မျှော်လင့်ချက်တွေ နဲ့ အတူ...
မင်းထားသွားမယ့် တစ်နေ့ ထိ
ငါမင်းကို ဆက်ချစ်နေဦးမယ်......

ငါ့အိပ်မက်ဆိုး

Tuesday, September 29, 2009

ဟိုး........
ပြာလဲ့လဲ့မိုးကောင်းကင်ကြီးကို ငေးမိတိုင်း

အဆုံးမရှိတဲ့ စကြာဝဠာကြီးအကြောင်းတွေးမိတယ်
ငါလွမ်းဆွတ် ကြေကွဲတိုင်း.........
အဆုံးအစ မရှိ ချစ်ခဲ့မိတဲ့ မင်းကို ငါ သတိရတယ်
ငါ့ကိုမချစ်တဲ့...ငါ့ချစ်သူရဲ့..............
ချစ်တယ် ဆိုတဲ့ စကားကို ပြန်ကြားမိတိုင်း
ငါ့ရဲ့ အချစ်တွေ အတွက် နှမျောတယ်.........
ငါ့ကို မသနားတတ်တဲ့ မင်းရှေ့ မှာ...ငါက.........
တစ်ကြိမ်တခါမက ကြေကွဲခဲ့ ဖူးသူလေ...........
အရာအားလုံးဟာ အိပ်မက်တွေပါလို့  ...........
အကောင်လိုက်ကြီးပြတာတောင်မှ.................
''....'' လို့  ခေါ်နေသေးတဲ့ မင်းကြောင့်...........
အရိပ်ကို မမြင် ချင်ယောင်ဆောင်နေခဲ့သူငါပါ..
မင်းနဲ့ ပတ်သက်တဲ့ ကြေကွဲ မှုတွေကို..
နှစ်သက်တတ်တဲ့ ငါ့ကိုငါမုန်းတယ်.............
ငါမကျေနပ်ဘဲ အရှုံးပေးခဲ့တဲ့.......................
ငါ့မာန နဲ့ ငါ့အတ္တ တွေ ကို မုန်းတယ်.........
အိပ်မက်ဆိုးမှန်း သိနေပါလျက်................
မာယာတွေ မှန်းသိနေပါလျက်...............
ယစ်မူးသာယာချင်သေးတဲ့....................
ပျော့ညံ့တဲ့..ငါ့အဖြစ်ကြောင့်.............
အိပ်မက်တွေ ရှည်ကြာခဲ့ရတာပါ.........
တကယ်တော့ ငါ့အိပ်မက်က.............
အိပ်မက်ဆိုးးးးးးးးးးးးးးးးးးးး

လားရာမယ့်ခရီးသည်

အတွေ့ ကြုံနဲ့ ရင်ကျက်မှုဘဲနည်းခဲ့လေသလား
ဒါမှမဟုတ် မင်းရဲ့အလှကွန်ယက်ထဲကနေ.....
ရုန်းထွက်ဖို့ မစွမ်းခဲ့ရတာလား...
ဒွိဟစိတ်ကိုအဖြေရှာဖို့ .............
ငါ့ရဲ့စိတ်တွေကိုတောင်ပံ တပ်ပေးခဲ့တယ်..

အစွန်းရောက် အချစ်နဲ့...
မျှော်လင့်ခြင်း မိုးတိမ်တွေ ရဲ့အကြား
ပေးအပ်မယ့် မင်းအဖြေအတွက်
ရင်ခုန်စိုးထိတ်စွာနဲ့ 
အနာဂတ်ကိုစောင့်မျှော်ခဲ့တာ..
ပြက္ခဒိန်စာရွက်တွေ ဆွေးမြေ့ နောက်ကျန်ပြီး
နာရီလက်တံတွေ ခရီးထွက်သွားခဲ့တာတောင်
ငါသတိမထားမိခဲ့ဘူး..

ဒါပေမယ့်
အချိန်တန်လို့ ငါအိမ်ပြန်ချိန်ခရီးကျတော့..
လမင်းမသာကြယ်ပြာ မလက်ခဲ့ဘူးလေ
အားငယ်တတ်တဲ့စိတ်နဲ့ ကောင်းကင်ကို မော့အကြည့်
အလင်းတန်း တစ်ခုကို ငါတွေ့ လိုက်ရတယ်
ဒါနဲ့ ငါ့ရင်ကို အသာငုံ့ ကြည့်လိုက်တော့ ..
အသည်းတစ်ခြမ်းပါမလာတော့ဘူးလေ..