အိပ်မက်

Tuesday, October 20, 2009



မမျှော်လင့်ရဲ မျှော်လင့်ရဲနဲ့
စိုးတထိတ်ထိတ်ဘ၀နေ့ရက်တွေကို
အဆုံးသတ်ချင်ပေမယ့်
ခပ်ပါးပါးလေးတော့ ရှိနေသေးတယ်
ကောင်မလေးရယ်
တကယ်ဆို အဆုံးစမရှိ စကြာဝဠာထဲလွင့်မျောလို့ 
တိမ်တွေကိုစီးပြီး လေနှင်ရာလွင့်ချင်ခဲ့တာ
ဒါပေမယ့်
မင်းရဲ့ အလျှော့ အတင်းတွေ နဲ့  မင်းစေနှင်ရာလွင့်ခဲ့ရတဲ့
စွန်တကောင်ဘဲ ဖြစ်ခဲ့ရသူ..ပေါ့

အိပ်မက်မှန်းသိရဲ့နဲ့တောင်
ငါ့ နှလုံးသားမှာ မင်းပုံရိပ်
ငါ့ နားထဲမှာမင်းရဲ့ အသံ
ငါ့ ဘ၀ ငါ့အနာဂတ်အားလုံးဟာ
မင်းရဲ့ကမ္ဘာဖြစ်စေရမယ်လို့
အတွေးတွေ နယ်ချဲ့ခဲ့ဖူးတယ်
နောက်ဆုံးတော့လည်း
အိပ်မက်က အိပ်မက်ပါဘဲလေ
အိပ်မက် ဆိုတာ
မနိုးထခင်ကာလ သာယာနေတုန်းခနမှာ
ကွာဟ မှုတွေ မသိပသာဒဖြစ်မှုတွေ သာရှိပြီး
ပကတိ လက်ရှိဘ၀ရဲ့ အသေးငယ်ဆုံးသောတစ်စိတ်တစ်ဒေသလေးတစ်ခုပါ




0 Comments: