ကျွန်တော်(ဖိုးသူတော်)

Sunday, February 22, 2009


လောကကြီးက..ကိုယ်ဖြစ်ချင်တာတွေဖြစ်ခွင့် မပေးသလို…လုပ်ချင်တာတွေလည်း လုပ်ခွင် မရပါဘူး.....။ကံဆိုတာအလုပ်လို့  ပြောကြပေမယ့် .. လုပ်တိုင်းလည်း...ဖြစ်မလာ တတ်ပါဘူး..

နောင်မှာ(အနာဂတ်) ဘာတွေဖြစ်လာမယ် ..ဆိုတာအတိအကျ မသိရပေမယ့်.. ကြိုတင်ပြင်ဆင်မှုဆိုတာကတော့..ရှိနေရမှာဘဲလေ.. ငြိမ်းချမ်းမှုကိုမြတ်နိုးလို့  ..
စော်ကားမှုတိုင်းကို ငြိမ်ခံရမယ်ဆိုတာက သိပ်ပြီးသဘာဝ..မကျဘူးနော်... လုပ်သင် တဲ့အလုပ်တွေ.. လုပ်ရမယ့်

အလုပ်တွေ ကို ..နေ့ စဉ်ပုံမှန်လုပ်နေခြင်းက အနာဂတ်အတွက်ပြင်ဆင်မှုတွေပွဲပေါ့...
'' အမြဲတမ်းအနားယူတတ်တဲ့သူတစ်ယောက်ဟာ..အနားယူရတဲ့အရသာကိုတိတိကျကျ မသိတော့ပါဘူး ''
ကိုယ်လုပ်ရမယ့် အလုပ်တွေကို လုပ်ပြီးလို့ .. အနားယူတဲ့အချိန်ကလွတ်လပ် ပျော်ရွှင်စရာအကောင်ဆုံးပေါ့ ဗျာ......
ကျွန်တော်ပြောတာကျွန်တော့အတွက် မဟုတ်ဖူး နော်.. :D

သင်္ဂဇာ ဆရာတော်ရဲ့ပုံပြင်တစ်ပုဒ်ပြောပြမယ် ... ''''''' တခါက .. ရွာနားမှာ ဖိုးသူတော်တယောက်နေထိုင်သတဲ့……

ဖိုးသူတော်က ဆန်အလှူခံတိုင်း တွေ့ တဲ့ ရွာသူရွာသားတိုင်းကို...
သူများအသက်မသတ်ကြနဲ့ .. ကုသိုလ်ကောင်းမှုပြုကြပါ.... ဘာညာပေါ့... . အမြဲတမ်းတရားဟောသတဲ့…တနေ့ တော့ ရွာဘေးကချောင်းထဲမှာ….ဖိုးသူတော် ငါးဖမ်းနေတာကို ရွာသားတွေ ကသွားတွေ့ သတဲ့……
ရွာသားတွေက ဖိုးသူတော်ကို ပြောကြတာပေါ့ '' ဦးသူတော် ကျွန်တော်တို့ ကိုတော့  တရားဟောတယ် ..ခင်ဗျား

ကြတော့ ဘာလို့  ငါးဖမ်းနေတာလဲ '' လို့ မေးတော့ ဦးသူတော်က ဘာပြောတယ်မှတ်လဲ

'' ငါပြောတာ မင်းတို့ အတွက် ပြောတာ ကွ ငါအတွက် မပါဘူး ငါဖာသာ ငရဲကျကျ '' ဆို သတဲ့
............................. :D ကျွန်တော်လည်း ဘာလုပ်လုပ်နော် .. :D


ဖြေသိမ့်လိုက်ပါ..

Thursday, February 12, 2009

''သူငယ်ချင်း..မင်းတခုခုကျေနပ်မှုရခဲ့ရင်...တခုခုအောင်မြင်ခဲ့ရင်..
မင်းလုပ်လို့ အောင်မြင်တာလို့ ယူဆလိုက်.......မင်းရှုံးနိမ့်ခဲ့ရင်..ကံကြမ္မာကရက်စက်လိုက်တာ..
လောကကြီးကမတရားဘူးလို့ ..စွပ်စွဲပစ်လိုက်..နော်.... ''
'' တခါက ရွာတရွာမှာ..လယ်ချင်းကပ်လျက်..လယ်သမား (၂)ဦးရှိသတဲ့။ ငမူးလေး နဲ့  မင်းချစ်သူပေါ့နော်..
သူတို့  (၂)ယောက်စလုံးစိုက်တဲ့ ဧက ရော လုပ်အားစိုက်ထုတ်မှုရောတူကြပေမယ့် ..ငမူးလေးရဲ့လယ်က
နှစ် စဉ်နှစ်တိုင်း.မင်းချစ်သူထက် (၂)ဆ.လောက်ပိုပြီး .သီးနှံတွေထွက်..သတဲ့....ဒီလိုနဲ့ တနေ့ မှာတော့
ငမူးလေးဟာ နှမ်းစိုက်ဖို့ အတွက် လယ်ထဲကိုထွက်လာတယ်..လယ်ထဲရောက်တော့ နှမ်းမျိုးစေ့အိပ်ကို
ကြည့် လိုက်တဲ့အခါမှာ.. မျိုးစေ့ ထုပ်မဟုတ်ဘဲလှော်ထားတဲ့ နှမ်းထုပ်ကြီးဖြစ်နေတာကိုတွေ့ ရသတဲ့.
ငမူးလေးကစဉ်းစားလိုက်တယ် '' ငါကံကောင်းတာဘဲ.လှော်ထားတဲ့နှမ်းစိုက်လဲပေါက်မှာပါလို့ ဆုံး.......
ဖြတ်ပြီးလယ်ထွန်နေသတဲ့.... အဲဒီအချိန်မှာ..မင်းချစ်သူကလည်း နှမ်းစိုက်ဖို့ ရောက်လာတာပေါ့......
မင်းချစ်သူကစဉ်းစားတယ်.. '' အင်းဒီကောင်..နဲ့ငါလယ် ဧကချင်းလဲတူတယ်လုပ်အားစိုက်တာလည်း
တူတယ် ဒီကောင် ကျတော့နှစ်တိုင်းအထွက်တိုးတယ်..ဒီကောင်စိုက်တဲ့မျိုးစေ့ကောင်းလို့ ဘဲဖြစ်မယ်
လို့ တွေပြီး.'' ..သူရဲ့နှမ်းမျိုးစေ့ထုပ်နဲ့  ငမူးလေးရဲ့နှမ်းမျိုးစေ့ထုပ်ကို အသာလေးခိုးပြီးလဲလိုက်သတဲ့....
အချိန်တန်တော့ငမူးလေးရဲ့ လယ်ထဲ မှာ နှမ်းပင်လေးတွေ ကြီးထွားရင့်သန်လာပေမယ့်........................
မင်းချစ်သူရဲ့လယ်မှာတော့မြက်ပင်တွေဘဲပေါက်လာပြီး..မင်းချစ်သူဟာလောကကြီးကမတရားလိုက်တာဗျာလို့
ကြေကွဲနေသတဲ့........ ငမူးလေးကတော့....ဒီလိုတွေးသတဲ့......''ဟဟ .. ငါစိုက်ရင်လှော်ထားတယ်နှမ်းတောင်..
အပင်ပေါက်တာဘဲ.. ငါကွ..လို့ ................ တဲ့..ဗျာ ..
'' ကံဆိုတာအလုပ်ပါ... ဒါပေမယ့်..ကံကိုယုံပြီး ငမူးလေးလိုတော့မလုပ်ကြပါနဲ့ ...ဘာလို့ လဲဆိုတော့ ....သူငယ်
ချင်းက ငမူးလေးမဟုတ်ဖူးလေ.............