နာကျင်ခဲ့သော ဧပရယ်

Tuesday, July 20, 2010

...၁.၄.၂၀၁၀...
နားမစွင့်ဘဲနားထဲရောက်လာတဲ့ အကြောင်းအရာတွေက
ငါ့ ကမ္ဘာပျက်နေ့တွေရဲ့ အစပေါ့
အလွမ်းတွေနဲ့ ထားခဲ့ရင်တောင် ဖြေသာပါတယ်ချစ်သူရယ်
ဒီလို အဖြစ်ပျက်တွေ ဖြစ်လာလိမ့်မယ်လို့
တခါမှ မတွေးခဲ့ဖူးဘူး
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာ
လောက ရဲ့ဓမ္မတာ လို့ သိနေပေမယ့်လည်း
ထင်မှတ်မထားခဲ့တဲ့ မင်းလုပ်ရပ်တွေက ခါးသီးလွန်းတော့
မဖြေသာနိုင်ဘူး ချစ်သူ
မပျော်ခဲ့ရတဲ့ သင်္ကြန်တွေထဲမှာတော့
ဒီနှစ်သင်္ကြန်က အခါးသီးဆုံးဖြစ်စေခဲ့တယ်လေ
မင်းကို ပြောမယ့်စကားတိုင်းက
ငါ့ ရင်ကို ပြန်ပြန် ရိုက်ခတ်နေတော့
လုပ်ရက်လိုက်တာ လို့ပဲ တ နေခဲ့ရတယ်လေ
ကံတရားကများ ဖေးမပေးပြီး ဆုံစည်းခွင့်ရမလားလို့
မျှော်ကိုးခဲ့မိတဲ့ နောင်တ
နောင်ဘ၀ထိ ပါသွားခဲ့ရင်တောင် ကျေ နပ်နေမယ့် ငါပါ
ချစ်သူ ရေ ..မင်း သိတတ်ရင်
နာကျင် ခဲ့ဖူးတဲ့ ဒီအတိတ် ဆိုးကို အစပြန်မဖော်ပါနဲ့


............

Saturday, March 27, 2010

လုပ်ချင်တာလုပ်ပြီး
ဖြစ်ချင်တာ ဖြစ်လာဖို့မျှော်လင့်တဲ့သူလောက်
မိုက်မဲသူ မရှိဘူး
ဖြစ်ချင်တာဖြစ်ခွင့်မရှိလို့
လုပ်ချင်တာလုပ်ပြီးဖြေသိမ့်တတ်တဲ့
ငါ့ကိုတော့ မင်းကြိုက်သလိုစွတ်စွဲလို့ရပါတယ်
...........