အထီးကျန်ဝေဒနာ

Sunday, October 25, 2009

အချစ်ဆိုတာဘာလဲ.......?
အချစ်ရဲ့ နောက်ကွယ် တစ်နေရာက လွမ်းဆွေးမှုဆိုတာဘာလဲ...?
လွမ်းဆွေးမှုရဲ့ နောက်ကွယ်တစ်နေရာက တမ်းတမှုဆိုတာကရော ဘာလဲ.....?
ဒါတွေ ကိုငါမစဉ်းစားချင်ပေမယ့်
မင်းမရှိတဲ့ အချိန်မှာ ငါ့နှလုံးသားကို ရိုက်ခတ်ဆွေးမြေ့စေတာ
အထီးကျန်ဝေဒနာလို့ များခေါ်လေမလား...?
...........................................................................




မင်းမရှိရင် မဖြစ်ဘူး
မတွေ့ ရရင် မနေနိုင်ပါဘူးလို့ ပြောရင်
''မင်းအရင်ဖြတ်သန်းခဲ့ဖူးတဲ့ ၂၂ နှစ်သောကာလ များမှာ
ဘယ်လိုနေခဲ့လဲလို့တော့ မမေးလိုက်လေနဲ့ ကောင်မလေးရေ''

ခပ်ပါးပါး ခပ်ပေါ့ပေါ့ ချစ်တတ်တဲ့ ငါ့အကျင့်တွေ ပျက်သုန်းခဲ့တာ
လှည့်မကြည့်တတ်တဲ့ ငါ အကြိမ်ကြိမ် နောက်လှည့်မိခဲ့တာ
ယူခဲ့ဖူးသမျှ အနိုင်းအားလုံးနဲ့ အတူ မင်းရှေ့မှာဒူးထောက်ခဲ့ပါတယ်
မင်းပြောခဲ့တဲ့ စကားတခွန်းအတွက်ပဲ
ယူကြုံးမရဖြစ်မိတာပါ
ရိုးရိုးလေးကြေကွဲချင်တဲ့ငါကို တသက်တာမေ့မရတဲ့ စကားလက်ဆောင် တောင်ပေးခဲ့သေးတဲ့
ကောင်မလေးရေ...
မင်းငါ့ကို ပြောခဲ့ဖူးတဲ့စကား
တခြား တစ်ယောက်ကို ပြောတဲ့ အချိန် ငါ့ကို ဟာသအဖြစ်တော့ သတိမရပါနဲ့
....

1 Comment:

မြတ်မွန် said...

ကောင်းလိုက်တဲ့ ကဗျာလေးနော်..ခံစားရတယ်။