ဆိုညည်းဖူးခဲ့ သမျှ.မှ..အမှတ်တရ....

Thursday, October 15, 2009

မမ ညခင်း ကထပ်ဆင့် အလုပ်ပေးသွားခဲ့တာပေါ့....:P..ဆိုညည်းဖူးခဲသမျှဆိုရင်တော့
ရေးလို့ မကုန်ဘူးလေ..ဒီတော့
အကြိုက်ဆုံး နဲ့ အမှတ်တရ ဆိုဖြစ်ခဲ့တာ ဘဲရေးတော့မယ်နော်
ခံစားချက်တူညီလို့  ကြိုက်တာရှိတယ်
မြူးကြွစေလို့ကြိုက်တာလည်းရှိတယ် သီချင်းပေါင်းစုံကြိုက်ပါတယ်
အမှတ်တမဲ့ ဖြစ်စေ ပျော်လို့ဘဲဖြစ်စေ
စိတ်ထွက်ပေါက်ရဖို့ အတွက် တခါတခါ မှာ ဆိုညည်းဖူးပါတယ်
ဒါပေမယ့် ရသလောက်လေးဘဲဆိုတာပေါ့နော် :P...
သိပ်တော့ မခံစားတတ်ပါဘူး ကိုယ်ကြိုက်ရင် ရရင် လိုက်ဆိုပစ်လိုက်တာပဲလေ
ဘာရယ်ညာရယ်တော့မဟုတ်ဖူး ကျွန်တော်တင်ထားတဲ့ သီချင်းလေးဆုံးအောင် နားထောင်သွားလိုက်ပါ
သီးခံပြီးတော့ ...:D........ ....... ....... ......................
.........................................................
I Need You And
I Miss You And
I Want You And
I Love You Cause

I Wanna Hold You
I Wanna Kiss You

You Were My Everything And
I Really Miss You
............................................................................................
I Just Want You To Be HAPPY.......!!!
ဟိဟိ AKON မဟုတ်ဖူးနော်


ပြော..ငါ့ကိုမုန်းတယ်ဆိုလည်းပြော..
ငါ့ကိုမချစ်ချင်တော့ရင်ပြော..
အရာရာဟာမင်းအတွက် နောက်မကျသေးဘူး
ပြော...မင်းရင်ထဲကအမှန်တိုင်းပြော
ငါ့ကိုစိတ်ကုန်နေလည်းပြော...
မင်းနဲ့ငါရဲ့အချစ်ဇာတ်လမ်းက ဒီလိုပြီးပြီပေါ့..
မင်းဆန္ဒတစ်ခုအတွက် ငါအကုန်ဖြည့်ဆည်းပေးမယ်
ငါ...အရှုံးပေးနေပြီ အနိုင်ယူပါမင်းအတွက် နောက်ထပ်ပေးဖို့ရှိသေးတယ်
အကုန် နင် ယူသွားလေ. .. မုန်းလို့မရနိုင်ခဲ့ မေ့ဖို့တော့ မပြောပါနဲ့
ဆန္ဒတစ်ခုရင်မှာသိမ်းထားတယ် ကျန်တာအကုန် နင့်အတွက်
အို.....ငါ့..မင်းလိုအပ်ရင် အချိန်တိုင်းပြော ငါ့ဘက်က အဆင်သင့်ပါ
အိုမင်းအတွက် မာနများမထားခဲ့ဘူး..........အို.....
အိပ်မက်မမက်ဘဲ ရင်ထဲ ဒီဘ၀ရဲ့အချစ်များအတွက်.
နှလုံးသားကတောင်းတနေလည်း မျိုသိပ်ကာကြိတ်မှိတ်အိပ်တော့မယ်
နင်ပျော်နိုင်ဖို့အတွက် ..ငါ...အရှုံးပေးနေပြီ................
...................................................................




လိုက်ဆိုပြီး မငိုနဲ့ နော် .. :P :P
ဘယ်လောက်ကောင်းတဲ့ သီချင်းလေးလဲနော် ဒါပေမယ့်
ဘယ်သူတွေ ကြိုက်လဲတော့ မသိဘူးနော်....

သီချင်းနားထောင်တိုင်းများသောအားဖြင့် ခံစားချက်နဲ့  ဘဲ နားထောင်ဖြစ်ပါတယ်

ဆက်စွဲလိုက်ကြရအောင် နောက်တပုဒ်လောက်

ဟိုအရင်ချိန်တွေကိုပြန်လွမ်းနေလို့လည်းမထူး
လမ်းရှေ့လျှောက်ရမယ့်လိုင်းကိုဘဲ ရွေးချယ်ခု..
မင်း ဒဏ္ဍာရီ ထဲဖျက်ရမယ့် အဖြစ်တွေကိုလည်းမသိခဲ့ဘူး
တစ်နေ့နေ့ ဒီလောက်ထိဖြစ်ကြလိမ့်မယ် လို့လည်းမတွေးခဲ့ဘူး အခုတော့ တို့နှစ်ယောက်က
တစ်ဖက်ဟို မဆုံနိုင်လေတော့ဘူး
ကိုယ်ပိုင်ပျော်ရွှင်မှုဖန်တီးပြီး တခြားစီသာနေတော့ အခု
မင်းပေးတဲ့ အမှတ်တရတွေ သိမ်းထားတယ် အမုန်းဒဏ်ရာလည်း တစ်ခု
ရင်တစ်ခုလုံး စုတ်ပြဲပြီးကျန်ခဲ့လည်း ငါမမုန်းဘူး ....မင်းကို..
အရင်လို အချိန်တွေထိငါလွမ်းနေလည်း....အတင်းကို ပြန်မလာဘူးလို့ ခေါင်းတွေ ရမ်းနေခဲ့
အတွေးတွေနဲ့ ဘယ်လို ငါလေရူးနိုင်တယ် အခုတိုင်လည်း
ငါမေ့လို့ မရခဲ့...........

......................................
..........................









လှောင်နေတော့ ချစ်သူရေ

Tuesday, October 13, 2009

မစွဲလန်းချင်ဘဲ..စွဲလန်းခဲ့ရတဲ့အဖြစ်
အချစ်လား လို့ ငါမစဉ်းစားချင်ဘူး
တမင်လုပ်နေမှန်းသိနေလျက်နဲ့ 
မတော်တဆ ဖြစ်မှာပါလို့ 
မဖြေသိမ့်ချင်ဘူး
တကယ်တော့
ငါက မပိရိတဲ့မင်းထောင်ချောက်တွေ ထဲမှာ
မလှမပ ကျဆုံးခဲ့သူပေါ့
မင်းရည်ရွယ်ချက်ငါမသိရပေမယ့်
မင်းရင်းနှီးတဲ့ အရင်းနှီးတွေ အတွက်တော့ သနားတယ်
ငါကမင်းကိုမြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားချင်ခဲ့တာ..
ငါ့အတ္တတွေ ကြောင့်ငါမှားသွားခဲ့တယ်ချစ်သူ..
ငါ့အမှားတွေ ကိုသိရက်နဲ့ 
လိုက်မှားချင်းတဲ့မင်းကိုနားမလည်ဘူး
မင်းနဲ့ ပတ်သက်တဲ့ခံစားမှုတိုင်းမှာ
မင်းကိုပြောခဲ့သမျှစကားတွေ တိုင်းမှာ
ငါ ....မာယာတွေ ကင်းခဲ့ပါတယ်
င့ါ စကားတွေ မင်းမယုံလို့ 
မင်း အပေါ် ငါသံသယတွေ ရှိနေခဲ့တာ
သဘာဝကျပါတယ်
နောက်လှည့်မကြည့်တတ်တဲငါ
ခဏခဏ နောက်လှည့်ကြည့်မိတာ
ဘာအတွက်လဲ...မစဉ်းစားချင်ဘူး..............
မကျေနပ်ပေမယ့် သေမတတ်ရူးသွပ်ခဲ့တာ
ငါဝန်မခံချင်ဘူး....
ဒါပေမယ့် မင်းသိနေတော့
လှောင်နေလိုက်တော့ချစ်သူရေ..........

ကုန်ဆုံးခဲ့သောကာလများသို့ အမှတ်တရ..

Wednesday, October 7, 2009



တစ်ချိန်က ဒီနေရာမှာ ကျွန်တော့ရဲ့ အချိန်တော်တော်များများကို.......
ကုန်ဆုံးစေခဲ့တာပေါ့...ဘာကိုမှ အလေးနက်မထားနိုင်လောက်အောင်
ရူးသွပ်ခဲ့တာလေ...အားလုံးရဲ့ ခေါင်းဆောင် အဖြစ်နဲ့ ဦးဆောင်ပြီးကစား
ဖြစ်ခဲ့တာပေါ့...ကျွန်တော်စကစားဖြစ်ခဲ့တာကတော့..သူငယ်ချင်းတစ်ယောက်
ရဲ့ဖိတ်ခေါ်မှုကြောင့်ပါ...ကျောင်းစာတွေ မေ့ ကျောင်းတွေ ပျက်လောက်အောင်
ကိုကစားမိခဲ့တာ...ကျွန်တော့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေ အားလုံးလည်းကစား
ခဲ့ကြတယ်လေ..ဒီဂိမ်းမှာ sever တွေ အများကြီးရှိတဲ့ အနက် ကျွန်တော်တို့ကစားခဲ့တဲ့
sever ကတော့ English UK Sever ပေါ့....ဂိမ်းထဲမှာတော့ ကျွန်တော်တို့က
space pilot တွေ ပေါ့ ရာထူးအမြင့်ဆုံးက General ပေါ့....
ဂျိုက ၃ ဂျိုဘဲ ရှိပါတယ် MMO(မားစ်) EIC (ကမ္ဘာ) VRU (ဗီးနပ်စ်)
ကျွန်တော် နဲ့ သူငယ်ချင်း ၃ ယောက်က တော့ ဗီးနပ်စ်မှာ ကစားခဲကြတာ
တခြားသောသူငယ်ချင်းများက ပထမဆုံးကမ္ဘာ ဂျိုမှာ မြန်မာကလန် ဖွဲ့ပြီးကစား
ခဲ့ကြတယ်...ကျွန်တော်တို့ ၄ ယောက်က တော့ ဘယ်သူ့အကူညီမှမပါဘဲ......
ကိုယ်တိုင်ဘဲ လယ်ပယ်တွေ မြင့်အောင် ပစ္စည်းတွေ စုံအောင်စုပြီးကြီးပြင်းခဲ့ကြတာပေါ့
ဒီဂိမ်းမှာက ဂျိုမတူရင်ရန်သူဘဲလေ..ဒီလိုနဲ့ဘဲ အချင်းချင်းတိုက်ကြတာပေါ့.....မြေပုံပေါင်း
၂၉ ခုရှိပါတယ်...ကိုယ့်ဂျို အပိုင်လိုက် မြေပုံ ၈ ခုစီရှိပါတယ် သတ်ကွင်းမြေပုံကတော့ ၅ ခုရှိပါတယ်
ကဲ..ကြောငြာခနရပ်ပြီး ဆက်ပြောမယ်ဗျာ.. ကစားကြရင်းနဲ့ ကျွန်တော်က ကာနယ် ဖြစ်ခဲ့ပါတယ်
အဆင့်လဲ မြန်မာအားလုံးထဲမှာ အမြင့်ဆုံးပေါ့...ရာထူးလည်းအကြီးဆုံးသို့ရောက်ခဲ့ပါတယ်...
ကျွန်တော် တို့ကစားတဲ့ ဗီးနပ်စ်ဂျိုမှာလည်း ကျွန်တော်ကို မသိတဲ့သူမရှိလောက်အောင်ပေါ့..
အဲဒီအချိန်မှာ ကျွန်တော့ သူငယ်ချင်းများက တော့ ကမ္ဘာဂျိုမှာဘဲ အချင်းချင်းစစ်တွေ ဖြစ်ကြပြီး
နောက်ဆုံးမှာ ဂျိုပြောင်းပြေးကြရပါတယ် မားစ် ကိုရောက်သွားကြပါတယ်.......................
ကျောင်းတွေ ပိတ်တဲ့ အချိန်မှာဘဲ ကျွန်တော့ကို ဖိတ်ခေါ်ပြီး ကလန် LEADER လုပ်ခိုင်းခဲ့တဲ့အတွက်
ကျွန်တော်ပြောင်းပြီး ကစားခဲ့ကြတာ ပျော်စရာ ကြီးဘဲပေါ့...ဒါပေမယ့် မကြာခဲ့ပါဘူးးးးး
ကိုယ်အင်အားများရင် ကိုယ်က အနိုင်ကျင့်လို့ ရရင် စတဲ့ အကျင့်မကောင်းတဲ့ သူငယ်ချင်း
တချို့  ကြောင့်ရယ်.. အင်္ဂလိပ်လို သိပ်မပြောကြတဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ ကြောင့်

ခနခန စစ်တွေ ဖြစ်ကြရတယ်..ကျွန်တော်ဘယ်လိုမှ ရှင်းပြလို့ မရတော့တာတွေ ကြောင့်ရယ်

ခနခန ဘဲ ကလန်ဖျက်ခဲ့ ရတယ်.....ဂိမ်းကစားဖို့လဲ စိတ်ကုန်ခဲ့ရတယ်လေ...................

ဟိဟိ ဘာမှမဟုတ်တဲ့ ဒီပို့စ်ကို ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် :PP

စိတ်ဝင်စားရင်


ဒီမှာ

ကြည့်ကြည့်

လို့ရပါတယ်

ဆက်ချစ်မှာဘဲ...

Monday, October 5, 2009

မင်းကိုယ်တိုင်နာကျင်အောင်လုပ်ပြီး
နာနေလားလို့ မေးတတ် တဲ့
မင်းရဲ့ ကရုဏာတွေအတွက် ကျေးဇူးပါ ချစ်သူ
ငါမကြိုက်တာတွေကို လုပ်ပြီး
ငါ့ကိုပြန်ပြောပြတတ်တာ က
မင်းရဲ့ ပွင့်လင်းမှုလား
ဒါမှမဟုတ်
ငါအောင့်သက်သက်နဲ့ ပေါက်ကွဲနေတာကို
မင်းကသဘောကျတာလား

တကယ်ဆို ငါ့ကိုမချစ်တဲ့ မင်းဆီက
မချစ်ပါဘူး လို့  ၀န်ခံတာကို ဘဲငါကပိုတောင့်တမိတာပါ
ချစ်ပါတယ် လို့ ပြောပြီး လုပ်ချင်ရာလုပ် ပြနေတဲ့
မင်းကို ငါကဘယ်လိုနားလည်ပေးရမလဲ..
ငါမရှိမှန်းသိတဲ့ မင်းရင်ထဲမှာ
ဘာရှိလဲ ဘယ်သူရှိလဲ ဆိုတာတော့ သိချင်မိတယ်
အချစ်ဆိုတာ.. ချစ်မိသူက အရှုံးဘဲလေ
မင်းငါ့ကိုဘယ်လောက်ပဲ အနိုင်ယူယူ..
ငါကတော့...
ဆက်ချစ်နေမှာဘဲ.......






ငါ...ဘယ်သူလဲ.......

Sunday, October 4, 2009

အရာအားလုံးကို သိနေတဲ့
ငါက ဘာကို မှ ထပ်ပြီးသိဖို့ မလိုအပ်ဖူးလေ
ငါမင်းကို ချစ်ပါတယ် လို့
အကြိမ်ပေါင်းများစွာပြောမှ မင်းက ယုံမတဲ့လား
ငါသိထားတဲ့ မင်က
ငါဘယ်လောက်မင်းကို ချစ်တယ်ဆိုတာကို
မေ့ပစ်ခဲ့တဲ့ အတွက် ပဲ
ယူကြုံး မရ ဖြစ်မိတာပါ
ငါမင်းကို ချစ် မိလို့ နောင် တ ဆိုတာ
ငါ့ ဘ၀ မှာ ဘယ်တော့ မှ ရှိလာမှာမဟုတ်သလို
ငါဘယ်တော့ မှ မင်းကို အပြစ် တင် မှာ မဟုတ်ဖူးးးးးးး
မင်းပေးခဲ့ တဲ့ ဥပေက္ခာတွေကို စားသုံးပြီး
ကြီးပြင်းလာခဲ့တဲ့ ငါ့ကိုငါဘဲ အပြစ်တင်မိပါတယ်
ငါ့ကို မချစ် တဲ့ မင်းကို ငါက အရမ်းချစ်တယ်.........
မင်းကိုယ်တိုင် ငါ့ကို သမုတ် ပေးနိုင်ပါတယ်
ငါကဘယ်သူလဲဆိုတာကိုပေါ့






ချစ်တယ်...........

အကြိမ်ကြိမ် ကျရှုံးခဲ့တာကိုတောင်...
အမှတ်မရှိသေးတဲ့ ငါ့ကိုငါ ..
သတ်ပစ်ချင်တယ်.........
မချိုမြိန်မှန်းသိပါလျက်နဲ့ ..
မင်းချကျွေးတဲ့မာယာတွေကို...
စားသုံးပြီးရှင်သန်ချင်တဲ့ ...
ငါ့ကိုယ်ငါ မုန်းတယ်.........
မရေရာမှန်းသိနေပါလျက်.......
လေလှိုင်းကြားမှာသေချာချင်နေမိတဲ့...
ငါ့အဖြစ်က ရယ်စရာမဟုတ်ရင်.........
ဘယ်ဟာက ရယ်စရာဖြစ်ဦးမှာလဲ.........
မင်းရယ်နေလိုက်ပါ ချစ်သူ..
မင်းက လှောင်ရယ် နေရင် တောင်..
ငါက အပြစ်မမြင်ဘဲ ချစ်ချင်နေသေးတာ...
အဆုံးသတ်ထိ မမုန်းရက်နိုင်တာ...
ငါမင်းကို သိပ်ချစ်လို့ ပေါ့..........
အဆုံး မသတ်နိုင်တဲ့
မျှော်လင့်ချက်တွေ နဲ့ အတူ...
မင်းထားသွားမယ့် တစ်နေ့ ထိ
ငါမင်းကို ဆက်ချစ်နေဦးမယ်......

ငါ့အိပ်မက်ဆိုး

Tuesday, September 29, 2009

ဟိုး........
ပြာလဲ့လဲ့မိုးကောင်းကင်ကြီးကို ငေးမိတိုင်း

အဆုံးမရှိတဲ့ စကြာဝဠာကြီးအကြောင်းတွေးမိတယ်
ငါလွမ်းဆွတ် ကြေကွဲတိုင်း.........
အဆုံးအစ မရှိ ချစ်ခဲ့မိတဲ့ မင်းကို ငါ သတိရတယ်
ငါ့ကိုမချစ်တဲ့...ငါ့ချစ်သူရဲ့..............
ချစ်တယ် ဆိုတဲ့ စကားကို ပြန်ကြားမိတိုင်း
ငါ့ရဲ့ အချစ်တွေ အတွက် နှမျောတယ်.........
ငါ့ကို မသနားတတ်တဲ့ မင်းရှေ့ မှာ...ငါက.........
တစ်ကြိမ်တခါမက ကြေကွဲခဲ့ ဖူးသူလေ...........
အရာအားလုံးဟာ အိပ်မက်တွေပါလို့  ...........
အကောင်လိုက်ကြီးပြတာတောင်မှ.................
''....'' လို့  ခေါ်နေသေးတဲ့ မင်းကြောင့်...........
အရိပ်ကို မမြင် ချင်ယောင်ဆောင်နေခဲ့သူငါပါ..
မင်းနဲ့ ပတ်သက်တဲ့ ကြေကွဲ မှုတွေကို..
နှစ်သက်တတ်တဲ့ ငါ့ကိုငါမုန်းတယ်.............
ငါမကျေနပ်ဘဲ အရှုံးပေးခဲ့တဲ့.......................
ငါ့မာန နဲ့ ငါ့အတ္တ တွေ ကို မုန်းတယ်.........
အိပ်မက်ဆိုးမှန်း သိနေပါလျက်................
မာယာတွေ မှန်းသိနေပါလျက်...............
ယစ်မူးသာယာချင်သေးတဲ့....................
ပျော့ညံ့တဲ့..ငါ့အဖြစ်ကြောင့်.............
အိပ်မက်တွေ ရှည်ကြာခဲ့ရတာပါ.........
တကယ်တော့ ငါ့အိပ်မက်က.............
အိပ်မက်ဆိုးးးးးးးးးးးးးးးးးးးး

လားရာမယ့်ခရီးသည်

အတွေ့ ကြုံနဲ့ ရင်ကျက်မှုဘဲနည်းခဲ့လေသလား
ဒါမှမဟုတ် မင်းရဲ့အလှကွန်ယက်ထဲကနေ.....
ရုန်းထွက်ဖို့ မစွမ်းခဲ့ရတာလား...
ဒွိဟစိတ်ကိုအဖြေရှာဖို့ .............
ငါ့ရဲ့စိတ်တွေကိုတောင်ပံ တပ်ပေးခဲ့တယ်..

အစွန်းရောက် အချစ်နဲ့...
မျှော်လင့်ခြင်း မိုးတိမ်တွေ ရဲ့အကြား
ပေးအပ်မယ့် မင်းအဖြေအတွက်
ရင်ခုန်စိုးထိတ်စွာနဲ့ 
အနာဂတ်ကိုစောင့်မျှော်ခဲ့တာ..
ပြက္ခဒိန်စာရွက်တွေ ဆွေးမြေ့ နောက်ကျန်ပြီး
နာရီလက်တံတွေ ခရီးထွက်သွားခဲ့တာတောင်
ငါသတိမထားမိခဲ့ဘူး..

ဒါပေမယ့်
အချိန်တန်လို့ ငါအိမ်ပြန်ချိန်ခရီးကျတော့..
လမင်းမသာကြယ်ပြာ မလက်ခဲ့ဘူးလေ
အားငယ်တတ်တဲ့စိတ်နဲ့ ကောင်းကင်ကို မော့အကြည့်
အလင်းတန်း တစ်ခုကို ငါတွေ့ လိုက်ရတယ်
ဒါနဲ့ ငါ့ရင်ကို အသာငုံ့ ကြည့်လိုက်တော့ ..
အသည်းတစ်ခြမ်းပါမလာတော့ဘူးလေ..

မွေးနေ့မင်္ဂလာ...

Monday, June 1, 2009

ကျနော့် လမင်းလေး(ငမူးလေး) ရဲ့မွေးနေ့လေးပါ။

မေမေရေ ဦးချ ကန်တော့တယ်နော်။
ဖေဖေရေ ဦးချ ကန်တော့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ။
သားလည်းထပ်တူထပ်မျှခံစားရပါစေ။


တစ်ခါက ကျနော်.... ..:PPP




ဒါက ကျနော့် မမကြီး ပေးပို့တဲ့ မွေးနေ့ကိတ်လှလှလေး။



ကျနော်ဘလော့လေး စတင်ထားတာတော့ကြာပါပြီ။ ကျောင်းစာ ရယ်...ဂိမ်း ရယ် နဲ့ နပန်းလုံး နေမိတာ... ဘလော့လေးဘက်ကို မရောက်ဖြစ်တာကြာပါပြီ။ ဒီနေ့တော့ အိမ်လည်ရင်း မွေးနေ့ဖိတ်မယ်လို့ စိတ်ကူးပါတယ်။ မွေးနေ့ဆုတောင်းလေးတွေ ဆုတောင်းပေးပါနော်။ ကိတ်ကျွေးမယ် သိလား...။အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

လာလည်သူတွေကို ဧည့်ခံမည့် အစားအစာများ။
အားရပါးရစားပါခင်ဗျာ။





အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။
ငမူးလေး

အချစ် နဲ့ စစ်

Wednesday, March 11, 2009



အချစ်နဲ့ စစ်က နည်းနည်းတော့ဆင်တူမယ်ထင်တယ် စတင်ဖို့ လွယ်ပေမယ့် အဆုံးသတ်ဖို့ ခက်တယ်
စမိရင်တော့ ပူလောင်မှုကို ခံစားရမှာဘဲလေ အချစ်အကြောင်းပြန်တွေးရင် လွမ်းဆွေးရမယ်
စစ်အကြောင်းပြန်တွေးရင် နာကြည်းရမယ် ......................သံဝေဂတွေရမယ်
စစ်ရဲ့အဆုံးသတ်မှာ ပျော်ရွှင်ကြည်နူး ရပေမယ့် 
ချစ်ခြင်းရဲ့ အဆုံးကတော့ .................
နှစ်ခုလုံးဘယ်အရာမှမကောင်းကြပေမယ့်... ကမ္ဘာကြီးဆက်လက်တည်မြဲနေသမျှ..
အချစ်နဲ့ စစ်.. ဆိုတာရှိနေဦးမှာပါဘဲလေ..
အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးတဲ့ .. ဟုတ်ပါ့မလားဗျာ..
မတရားမှုက မတရားမှုပါဘဲ ...စစ်ဆိုတာက အများအတွက်လေ...
အချစ်မှာကြတော့ ကိုယ်တစ်ယောက်တည်းအတွက်.......
မိမိရဲ့ ပျော်ရွှင်မှုတစ်ခုရဖို့ အတွက်...................
ဆုတောင်းလို့ ပြည့် မယ်ဆိုရင်တော့ တစ်ခုလောက်ဆုတောင်းချင်ပါတယ်..
ဘ၀ဆက်တိုင်း ဆက်တိုင်း...
''စစ်''နဲ့ မကြုံ ရသလို
''အချစ်'' နဲ့ မ ဆုံရပါစေနဲ့ လို့ ......