Wednesday, March 11, 2009

အချစ်နဲ့ စစ်က နည်းနည်းတော့ဆင်တူမယ်ထင်တယ် စတင်ဖို့ လွယ်ပေမယ့် အဆုံးသတ်ဖို့ ခက်တယ်
စမိရင်တော့ ပူလောင်မှုကို ခံစားရမှာဘဲလေ အချစ်အကြောင်းပြန်တွေးရင် လွမ်းဆွေးရမယ်
စစ်အကြောင်းပြန်တွေးရင် နာကြည်းရမယ် ......................သံဝေဂတွေရမယ်
စစ်ရဲ့အဆုံးသတ်မှာ ပျော်ရွှင်ကြည်နူး ရပေမယ့် 
ချစ်ခြင်းရဲ့ အဆုံးကတော့ .................
နှစ်ခုလုံးဘယ်အရာမှမကောင်းကြပေမယ့်... ကမ္ဘာကြီးဆက်လက်တည်မြဲနေသမျှ..
အချစ်နဲ့ စစ်.. ဆိုတာရှိနေဦးမှာပါဘဲလေ..
အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးတဲ့ .. ဟုတ်ပါ့မလားဗျာ..
မတရားမှုက မတရားမှုပါဘဲ ...စစ်ဆိုတာက အများအတွက်လေ...
အချစ်မှာကြတော့ ကိုယ်တစ်ယောက်တည်းအတွက်.......
မိမိရဲ့ ပျော်ရွှင်မှုတစ်ခုရဖို့ အတွက်...................
ဆုတောင်းလို့ ပြည့် မယ်ဆိုရင်တော့ တစ်ခုလောက်ဆုတောင်းချင်ပါတယ်..
ဘ၀ဆက်တိုင်း ဆက်တိုင်း...
''စစ်''နဲ့ မကြုံ ရသလို
''အချစ်'' နဲ့ မ ဆုံရပါစေနဲ့ လို့ ......

2 Comments:
အချစ်ဆိုတာဘာလဲလို့ ကျွန်တော် မသိပါဘူး
ဘယ်တော့မှဆုံနိုင်မယ်လို့ လည်း မထင်တော့ပါဘူးဗျာ
အတိတ်မှာများ ကြုံဆုံခဲ့ပြီလားမသိတော့ပါဘူး
အချစ်ဆို တာ ဘာဘူကြီးရောင်းတဲ့ ရေခဲချစ်လောက် မချိုမြိန် တာ အမှန်ပဲ...ဟီး
ဒါမှ ငါ့မောင်လေးကွ မဆိုးဘူး ရေးတတ်တယ်။
ဆက်လုပ်ကိုယ်လူရေ။
mamathalthal
Post a Comment